Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရေတာရှည်မြို့နယ်ရှိ အထက်တန်းအဆင့် စာသင်ကျောင်းများ ယာယီပိတ်
Aug 27,2020
ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် စာသင်ကျောင်းများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့် ဘေးကင်းလုံခြုံစွာ ဖွင့်လှစ်နိုင်ရေးအတွက် ဆန်းစစ်ချက် A အဆင့်ရ၍ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဇူလိုင်လ(၂၁)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ကြပြီး ဩဂုတ်လ(၂၇)ရက် နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျောင်းများကို ယာယီပိတ်ထားရန် တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားထားကြောင်းနှင့် ကျောင်းဖွင့်မည့်ရက်ကို တစ်စုံတစ်ရာ ညွှန်ကြားချက် ရှိမှသာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask campaign ပြုလုပ်
Aug 27,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ထီးတန်းစျေးအတွင်းတွင် Mask တပ်ဆင်သွားလာစေရန် Mask campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံး တည်ဆောက်ရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Aug 27,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စားသုံးသူရေးရာဦးစီးဌာနရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ဂန့်ဂေါခရိုင် စားသုံးသူရေးရာဦးစီးမှူးရုံး တည်ဆောက်ရေးလုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်စိုးယုဆွေထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်
Aug 27,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ(၅)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 27,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချူပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ (၄)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေပေါက်ပင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်၌ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်ကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် ပညာပေးသင်တန်းဖွင့်လှစ်
Aug 27,2020
သီပေါမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေး စီမံချက်အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (CERP) COVID-19 Economic Relief Plan အရ ဖွင့်လှစ်သော သိုး၊ ဆိတ်မွေးမြူထုတ်လုပ် သင်တန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့ဟောင်းကျေးရွာတွင် ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Aug 27,2020
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဧရာသီရိသုခ ခန်းမတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ် ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများဖြင့် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့၌ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ရေး ကြပ်မတ်စစ်ဆေး…
Aug 27,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယနေ့နံနက်(၇)နာရီအချိန်က မြို့နယ်စည်ပင်သာယာ ဈေးတွင် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာစေရေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29783
Page
29784
Page
29785
Page
29786
Current page
29787
Page
29788
Page
29789
Page
29790
Page
29791
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department