မြဝတီ သြဂုတ်လ ၂၅
မြဝတီမြို့ဈေးများ၌ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများ နှာခေါင်းစည်းများတပ်ဆင်ရန် နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြဝတီမြို့ရှိ ကျွန်းတောဈေးနှင့် ကြံခင်းစျေးတို့တွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများကို ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန်အတွက် စျေးအတွင်းဝင်ရောက်ပါက နှာခေါင်းစည်းများတပ်ဆင်ပြီးမှဝင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါဒုတိယလှိုင်းမဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask Compaing များ ပြုလုပ်ခြင်းကို စည်ပင်သာယာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆောင်ရွက်ခြင်းကို မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်လင်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်တို့က စျေးများရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာမှုရှိ/မရှိ နေ့စဉ်ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)