ပခုက္ကူ ဩဂုတ် ၂၅
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုမြန်ဆန်စွာ ဖြစ်ပေါ်နေမှုကြောင့် ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအကြား ကိုဗစ်-၁၉ ရောဂါ မပေါ်ပေါက် စေရေးနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ငွေဗိုက်အစီအစဉ်ဖြင့် ထောက်ပံ့ကြေးပေးမည့် အကြောင်း အသိပညာပေးနှိုးဆော်ခြင်းကို ဩဂုတ်လ ၂၅ ရက် နံနက် ၈နာရီက မြို့မဈေးကြီးနှင့် ဗိုလ်ချုပ် အောင်ဆန်းပန်းခြံ အနောက်ဘက်ပျံကျဈေးတို့တွင် ပြုလုပ်ကြသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေး ပူးပေါင်း ကာကွယ် တားဆီးနိုင် ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့် ပန်ကြား ချက်များ၊ ကျန်းမာရေး ဆိုင်ရာ အခြေခံလိုက်နာရမည့် အချက်(၈) ချက်များနှင့် ကိုဗစ်-၁၉ကာလအတွင်း ပြည်သူလူထုများ၏ လူမှုစီးပွား ဘဝများအပေါ် အကျိုးသက် ရောက်မှုများ လျော့ပါး သက်သာ စေရန်ရည်ရွယ်၍ ဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ကိုယ်ဝန် ဆောင်မိခင်များကို ငွေဗိုက်အစီအစဉ်ဖြင့် ထောက်ပံ့ကြေး ပေးသွားမည့် အကြောင်းတို့ကို လိုက်လံအသိပညာပေး နှိုးဆော်ကြသည်။
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို ငွေဗိုက်အစီအစဉ်ဖြင့် ထောက်ပံ့ကြေး သုံးသောင်း ပေးအပ်မည်ဖြစ်ပြီး စာရင်းပေးသွင်းရန် ငွေဗိုက် Application ကို Download ပြုလုပ်ရန်လိုအပ်ကြောင်း၊ စာရင်းပေးသွင်းကာလမှာ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့အထိဖြစ်ပြီး စက်တင်ဘာလ (၂၀)ရက်နေ့နောက်ပိုင်းတွင် မိုဘိုင်း စနစ်ငွေလွဲခြင်းများနှင့် ငွေသားတိုက်ရိုက် ထုတ်ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် စာရင်းပေးသွင်းရန်အခက်အခဲရှိပါက လူမှုဝန်ထမ်းဦးစီးဌာနရုံး၊ ဖုန်းနံပါတ် ၀၉-၄၀၇၈၄၁၆၁၄ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း၏ ပြောပြချက်အရသည်။
ဆလိုင်းကိုကီး