အမြို့မြို့အနယ်နယ်သတင်းများ

Jul 24,2021
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊၃မိုင်မြို့သစ်ခုတင် (၂၀၀)ပြည် သူ့ဆေးရုံကြီးသို့ အလှူရှင်များ လှူဒါန်းသည့် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ရောက်ရှိ ကြောင်းသိရသည်။
Jul 24,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဝါးတီးကျေးရွာအုပ်စု၊ ဝါးတီးကျေးရွာတွင် ယနေ့ နေ့လယ်ပိုင်း(၁၁)နာရီ ၄၀ မိနစ်အချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေပြင်း တိုက်ခတ်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
Jul 24,2021
ပုလောမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင် လုံလောက် စွာ ရရှိနိုင်ရန်အတွက် အောက်ဆီဂျင်စက်ရုံကို တည်ဆောက်နိုင်ရန် ရပ်ဝေးရပ်နီးမှ စေတနာရှင် ပြည်သူ များအနေဖြင့် အလှူငွေများ လှူဒါန်းလျက်ရှိရာ ယမန်နေ့ မွန်းတည့် (၁၁)နာရီက နှစ်ဖက်သော မိဘ ဘိုးဘွားများကို အမှူးထား၍ တောင်ယာကမ်းကျေးရွာနေ ဦးသန်းကို၊ ဒေါ်ဥမ္မာချစ် (မမီးပု)၊ သမီး မမှူးဘရဏီ၊ သား သူရဇ္ဇကို မိသားစုတို့က အလှူငွေ ကျပ်သိန်း (၁၀၀) ကို လယ်ဝိုင်း ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒထံသို့ လာရောက်၍ ရေစက်သွန်းချ လှူဒါန်းခဲ့ကြောင်း သိရသည်။
Jul 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ ခရိုင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမကို ပိုးတွေ့အတည်ပြုလူနာများထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားပြီး ယနေ့ညနေပိုင်းတွင် စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
Jul 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်း ဇူလိုင် ၂၁ ရက်က မိုးသည်း ထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဆင်မောင်းကျေးရွာ အုပ်စုရှိ မိုင်းပျဉ်း- တာကော် ကားလမ်း ၇ မိုင်နှင့် ၉ မိုင်ကြားတွင် တောင်ပြို၍ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပေးခဲ့သဖြင့် ယနေ့ တွင် ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဖြစ် ကြောင်း သိရသည်။
Jul 24,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တပ်မတော်အရာရှိကြီးများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များ၊ တာဝန်ရှိသူများ လိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီနှင့် အနောက် မြောက် တိုင်းစစ်ဌာနချုပ်တို့ ညှိနှိုင်းပေါင်းစပ်၍ အောက်ဆီဂျင်ဖြန့်ဖြူးပေးသည့် အစီအစဉ်အရ ယမန်နေ့ နံနက်ပိုင်းတွင် ကပစ(၂၄)ပေါက်မြို့မှ ရောက်ရှိလာသော အောက်ဆီဂျင်အိုးများအား မုံရွာမြို့၊ ပြည်သူ့ဆေးရုံ ကုတင်(၅၀၀)သို့ ရွှေ့ပြောင်းသယ်ယူနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
Jul 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့မစျေးနှင့် လူသွားလမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့ နံနက် ၇ နာရီက ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။