အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်ချို့ပျက်စီး

အုတ်တွင်း ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဝါးတီးကျေးရွာအုပ်စု၊ ဝါးတီးကျေးရွာတွင် ယနေ့ နေ့လယ်ပိုင်း(၁၁)နာရီ ၄၀ မိနစ်အချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေပြင်း တိုက်ခတ်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဝါးတီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၂)လုံး ထိခိုက်ပျက်စီးလျက်ရှိပြီး ထိခိုက်ပျက်စီးသွားသော နေအိမ်များမှာ သွပ်မိုးထရံ ကာ အိမ်များဖြစ်​ကြောင်း၊ အခြားလူနှင့် တိရိစ္တာန် များ ထိခိုက်ပျက်စီးမှု မရှိပါကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ခင်ခင်မာ