လပွတ္တာ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊၃မိုင်မြို့သစ်ခုတင် (၂၀၀)ပြည် သူ့ဆေးရုံကြီးသို့ အလှူရှင်များ လှူဒါန်းသည့် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ရောက်ရှိ ကြောင်းသိရသည်။
အဆိုပါ လိုအပ်လျက်ရှိသည့်အောက်ဆီဂျင်အိုးများကိုစေတနာထက် သန်စွာဖြင့်အလှူရှင် များဖြစ်ကြသည့် လပွတ္တာမြို့နယ်မှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ထွန်း မိသားစု၊ ဦးနိုင်ဦး (လပွတ္တာမြို့ ၊ မြန်မာ့စီပွားရေးဘဏ်၊ မန်နေဂျာ-ငြိမ်း) မိသားစု၊ နှလုံးသားပရဟိ တလူမှုကူညီရေးအသင်း၊ ဒေါ်ဝေဝေထိုက်(ရွှေထိုက်အုတ်၊ သဲ၊ ကျောက် ရောင်း၀ယ်ရေး၊ ဦးတင်ရှန်(ရတနာဖြိုး၊ ဖယောင်းလုပ်ငန်း)၁၉၉၅ခုနှစ် ၊ ကျောင်းသား/သူ အလှူရှင်များအဖွဲ့နှင့် ကိုမင်းအောင်နှင့်ဇနီး မမြတ်စု မွန်၊ သား-မောင်သွန်းဆက်နိုင် ( မွန်မြတ်ဆေးဆိုင်) တို့မှ အောက်ဆီ ဂျင် 40 L ဆံ့အိုးကြီး စုစုပေါင်း(၄၇)လုံးအားလှူဒါန်းခဲ့ရာ လပွတ္တာ မြို့တွင် လုံခြုံရေးတာ၀န် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများမှ ကူညီဆောင်ရွက် ပေးခဲ့ကြပြီး ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ပြင်းထန်စွာခံစားနေရသော ဝေဒနာရှင်များအတွက် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးတွက် ဝိုင်းဝန်းလှူဒါန်းခဲ့ခြင်းဖြစ် ကြောင်းသိရသည် ။
ယောဧရာ