ပုလော ဇူလိုင် ၂၄
ပုလောမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင် လုံလောက်စွာ ရရှိနိုင်ရန်အတွက် အောက်ဆီဂျင်စက်ရုံကို တည်ဆောက်နိုင်ရန် ရပ်ဝေးရပ်နီးမှ စေတနာရှင် ပြည်သူ များအနေဖြင့် အလှူငွေများ လှူဒါန်းလျက်ရှိရာ ယမန်နေ့ မွန်းတည့် (၁၁)နာရီက နှစ်ဖက်သော မိဘ ဘိုးဘွားများကို အမှူးထား၍ တောင်ယာကမ်းကျေးရွာနေ ဦးသန်းကို၊ ဒေါ်ဥမ္မာချစ် (မမီးပု)၊ သမီး မမှူးဘရဏီ၊ သား သူရဇ္ဇကို မိသားစုတို့က အလှူငွေ ကျပ်သိန်း (၁၀၀) ကို လယ်ဝိုင်း ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒထံသို့ လာရောက်၍ ရေစက်သွန်းချ လှူဒါန်းခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုနှင့်အတူ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင် လိုအပ်ချက်များ ရှိနေ၍ မြိတ်မြို့တွင် သွားရောက် သယ်ယူနေ ရသည်ကို သိရှိ၍ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မေတ္တာရှင် ပရဟိတ္တအသင်း၊ စေတနာရှင် ပြည်သူများ၏ ပူးပေါင်းအားဖြင့် ဒေသခံပြည်သူ့များအတွက် လိုအပ်လျက် ရှိသော အောက်ဆီဂျင်များကို လုံလောက်စွာ ရရှိနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် စီမံရခြင်းဖြစ်ကြောင်း၊ အဆိုပါ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် ငွေကျပ် သိန်း(၂၀၀၀) ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်းနှင့် အောက်ဆီဂျင်စက်ရုံကို တည်ဆောက်ပြီးစီးပါကပုလော မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန သို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းကို လယ်ဝိုင်းကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒက မိန့်ကြားခဲ့သည်။
အေးအေးမော်