အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေ အမျိုးသမီးများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးသောအသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက်၁၀နာရီကကြံတောကျေးရွာ ဓမ္မာရုံ၌ကျင်းပ ပြုလုပ်သည်။
Jul 08,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်စည်ပင်သာယာယာရေး မြို့မဈေးကြီး အတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံ ခြုံရေး အသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့ နေ့လည် ၂ နာရီက အဆိုပါမြို့မဈေးကြီး၌ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jul 08,2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထပ်တိုးဆောင်ရွက်မည့် ကျေးရွာ နှစ်ရွာအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင်COVID – 19 ရောဂါနှင့်ပတ်သက်၍ အရေးပေါ်ကာကွယ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်ကော်မတီဝင်များသည် COVID – 19 ရောဂါ ကူးစက်သူများကို ကုသပေးနေ သည့် မိုးမိတ်ကုတင် (၅၀) ဆံ့ပြည်သူ့ဆေးရုံနှင့် Facility Quarantine များ ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Jul 08,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှ ယမန်နေ့အထိ ၅၅၀ ဦး ရှိပြီး သေဆုံးသူ ၁၂ ဦးထိရှိပြီဖြစ်ကြောင်း သိရသည်။
Jul 08,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ပြင်ဦးလွင်မြို့နယ်မှပြန်လာသည့် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့တွင် နေထိုင်သည့် ပိုးတွေ့လူနာ(၇)ဦးတို့အား ကိုဗစ် -၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ၎င်း(၇)ဦးတို့ထံတွင် ကိုဗစ်-၁၉ရောဂါ ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း ယနေ့ နံနက်ပိုင်းအချိန်က သိရသည်။
Jul 08,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့ နံနက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၃ ဦး ထပ်တိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အဖွဲ့မှ သိရသည်။