စဉ့်ကိုင်မြို့နယ် ပလိပ်စျေးတွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အနေဖြင့်နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေ

စဉ့်ကိုင် ဇူလိုင် ၉
 
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အနေဖြင့် လူစည်ကားရာ နေရာများဖြစ်သည့် ပလိပ်လမ်းဆုံနှင့်ပလိပ်စျေးတို့တွင် ယနေ့နံနက်(၇)နာရီခွဲက နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဋ္ဌ ဦးဗိုလ်အောင်မောင်မောင် ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် ကော်မတီအဖွဲ့ဝင်များ ၊မြို့နယ်ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ ကျန်းမာရေးဦးစီးဌာန နှင့် ပလိပ်တိုက်နယ်ဆေးရုံမှဝန်ထမ်းများ ၊ မြို့နယ်စည်ပင် အမှုဆောင် အရာရှိ ဦးလှဝင်းနှင့်ဝန်ထမ်းများ ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှဝန်ထမ်းများ ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် သုခဒါန လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ ပူပေါင်း၍ နှာခေါင်းစည်း Mask (၄၀၀၀)ကို အခမဲ့ဖြန့် ဝေပေးခဲ့ ကြကြောင်း သိရသည်။
ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ပြည်သူများ အဆိုပါ ရောဂါမှ ကင်းဝေးစေရန်အတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်း များကို သိရှိလိုက်နာဆောင်ရွက်ရေး၊ လက်ကိုစနစ်တကျဆေးကြောခြင်း ၊နှာခေါင်းစည်းတပ်ဆင်၍ အပြင်သို့သွားလာခြင်း ၊တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာနေစေခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို လိုက်နာကြရန် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်