နတ်တလင်းမြို့နယ်တွင် ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူ

နတ်တလင်း ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တား ဆီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို ယနေ့နံနက်ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင် သာယာရေးအဖွဲ့တို့မှ လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသောကိုဗစ်- ၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့်အချက်များ၊ နှာခေါင်းစည်း (Mask) များစနစ်တကျ တပ်ပါ၊ လက်ဆေးပါ၊ လူစုလူဝေးရှောင်ပါနှင့် ခပ်ခွာခွာနေပါ စသည့်အချက်များ ပါဝင်သည့် အသိပညာပေး ဆိုင်းဘုတ်များကို မြို့မစျေးကြီးဝင်ပေါက်၊ မင်းလမ်းထောင့်နှင့် ပြည်သူ့ဆေးရုံရှေ့ ရန်ကုန်-ပြည် ကားလမ်းဘေးတွင် စိုက်ထူခဲ့ပြီး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားထားဦး