အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်နေမှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်နေမှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများသည် ယနေ့နံနက်၉နာရီအချိန်ခန့်က ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေးလုပ်ငန်းကို မြို့အဝင်တွင်ဖွင့်လှစ်ထားသည် ကျန်းမာရေးစစ်ဆေးရေး ဂိတ်၌ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
Jul 13,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့ကြသည့် ပြည်သူများကို လုပ်ထုံးလုပ်နည်း နှင့်အညီ ရွေ့လျားရှာဖွေစနစ် ဖြင့် ကိုဗစ် -၁၉ရောဂါပိုးရှိ/မရှိ Swab နမူနာများရယူ၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ယနေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီး(၄)ဦး နှင့် အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား(၁၆)ဦး၊ အမျိုးသမီး(၉)ဦး၊ စုစုပေါင်း(၂၉)ဦးတို့ထံတွင် ကိုဗစ်-၁၉ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် လက်တလောဖြစ်ပေါ်လျှက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊တားဆီးနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက် နေ့လည် ၁၀ နာရီခွဲ က မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ် (Take Away) ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အား Stay at Home မြို့နယ်အဖြစ် သတ်မှတ် ကြေညာခဲ့၍ ယမန်နေ့မှစတင်ကာ ကျောက်တံခါး၊ ဖဒို၊ ပဲနွယ်ကုန်း၊ တောကျွဲအင်း(ခ) အောင်မြင်မြို့ များရှိ စည်ပင်သာယာရေး အဖွဲ့ပိုင်စျေးများအား နေ့စဉ် နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိသာ ရောင်းချ ခွင့်ပြုကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဒေသန္တရအမိန့်ပြန်ချက် အရ သိရသည်။
Jul 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့အဝင် ပင်လောင်း-ပျဉ်းမနား- လွိုင်ကော်လမ်းခွဲ ရင်းမှီးရပ်ကွက် စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းကို နေ့စဉ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ရှေးဟောင်း သမိုင်းဝင် ဘော်ကြိုမုဌောစေတီတော်ကြီးအား ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဇူလိုင်လ ၁၁ရက်နေ့မှစတင်၍ ဖူးမြော်ကြည်ညိုခွင့်ကို ယာယီပိတ်ထားကြောင်း သိရသည်။