Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မုံးကိုးမြို့အဝင် ကျန်းမာရေးစစ်ဆေးဂိတ်၌ RDT Test Kit ဖြင့်စစ်ဆေးပြီး ဝင်ရောက်ခွင့်ပြု
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၇)ဦးအထိ ရှိလာ၍ အခြားမြို့များမှ လာရောက်သူများအား RDT Test Kit ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်၌ ငါးကောင်ရေ(၆၀၀၀၀၀)ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Jul 13,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သုံးခွဖက်ကလစ်ရိုး သဘာဝ ရေပြင်နှင့် အမှတ် ၉ ရပ်ကွက် ဥက္ကံတံတား၊ (မှော်ဝင်းချောင်း)အတွင်း ယနေ့ နံနက် ၉ နာရီက ငါးသားပေါက် အကောင်ရေ (၆၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်း ဆောင်ရွက်
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ဇွန် ၂၈ ရက်နေ့မှ ဇူလိုင် ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၇၂)ဦးရှိပြီဖြစ်ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းပြီး ငါန်းဇွန်မြို့ပေါ် ရပ်ကွက် အသီးသီးသို့ ယမန်နေ့ည ၇နာရီခွဲအချိန်က အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
Jul 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာ(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာ ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 13,2021
ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်အမျိုးသမီး ကော်မတီအစည်းအဝေးကျင်းပ
Jul 13,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်အမျိုးသမီး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့ နံနက် ၁၀ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၃၂)ဦးရှိပြီဖြစ်
Jul 13,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (၂)ဦး ထပ်မံတွေ့ရှိခဲ့ပြီး (၁၀)ဦးဆေးရုံဆင်းခွင့်ရရှိကာ (၂)ဦးသေဆုံးခဲ့ပြီး၊ ပိုးတွေ့တူနာ စုစုပေါင်း (၃၂)ဦး ရှိပြီဖြစ်ကာ၊ (၂၀)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး(၁၉)ဦးထပ်မံတွေ့ရှိ
Jul 13,2021
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာနှင့် ထိတွေ့ဆက်စပ်သူ အမှတ်(၁)ရပ်ကွက်မှ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး(၂)ဦး၊ ပျော်ဘွယ် ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ ရွာလှကုန်း ကျေးရွာမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး၊ ကုန်းလည် ကျေးရွာမှ အမျိုးသမီး (၂)ဦး၊ ဆင်တပ်ကျေးရွာမှ အမျိုးသား(၁)ဦး၊ မရိုးကုန်းကျေးရွာမှ အမျိုးသား (၁)ဦး၊ သောင်ပြင်ကျေးရွာမှ အမျိုးသား(၁)ဦး၊ တောင်လယ်တောကျေးရွာမှ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး(၃)ဦး၊ စုစုပေါင်း(၁၉)ဦး အား (RDT)ဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရပြီး မြို့နယ်အား/ကာခန်းမ (ယာယီ ဆေးရုံ)တွင် Hospital Quarantine ထားရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26130
Page
26131
Page
26132
Page
26133
Current page
26134
Page
26135
Page
26136
Page
26137
Page
26138
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department