အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ဇွန် ၂၈ ရက်နေ့မှ ဇူလိုင် ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၃၁၈) ဦး တွေ့ရှိခဲ့ ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရတနာမာရ်အောင် ရပ်ကွက်ရှိ အမှတ်(၁)ရေစက်ရုံမှ အောင်ဇေယျာရပ်ကွက်ရှိ စက်သုံးဆီလမ်းထိပ် ရေစုကန်သို့ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Jul 13,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးပြုန်းတီးမှုမရှိစေရေး၊ ငါးသယံဇာတ ပေါကြွယ်ဝရေး၊ စားသုံးမှု ဖူလုံစေရေးအတွက် ခရမ်းချောင်းအတွင်းသို့ ငါးမျိုးစိုက် ထည့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ခရမ်းမြို့ အမှတ်(၂)ရပ်ကွက် ခရမ်းချောင်း နဘေးတွင် ကျင်းပ ခဲ့သည်။
Jul 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ကိုဗစ် - ၁၉ရောဂါ ပိုးတွေ့လူနာများအား ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများမှ ဆေးကုသပေးနေမှုအခြေအနေများနှင့် ရှောင်ရန်/ဆောင်ရန်စသည့် အကြောင်းအရာများကို ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံတာဝန်ခံအား ယနေ့ နံနက် (၁၁) နာရီက သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ ဆရာဝန်ကြီးမှ ယခုလို ပြန်လည်ဖြေကြားခဲ့ပါသည်။
Jul 13,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေအတည် ပြုလူနာ (၁၄၀) ဦးအထိ တွေ့ရှိလာပြီး ယာယီဆေးကုသရေးစင်တာ ရွှေမှော်ဝန်းသာသနာ့ဗိမာန်တွင် ဆက်လက်ထားရှိရန် နေရာမလုံလောက်မှု ကြောင့် ကျောက်တန်းမြို့ မိုးလုံလေလုံအားကစားရုံအား ကိုဗစ်-၁၉ Positive Center အဖြစ် ထပ်မံ၍ ယမန်နေ့က ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ (ကိုဗစ်-၁၉)ရောဂါ ကာကွယ်တားဆီးရန် ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာ အချို့နှင့် ဝမ်းတွင်းမြို့ပေါ်(၆)ရပ်ကွက်အား (Local Semi Lockdown) အဖြစ် သတ်မှတ်ကြောင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှသိရသည်။
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူများ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း နည်းပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 13,2021
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျင့်ဝတ်နှင့် ညီသော သတင်းမီဒီယာသမားများ၏ လူမှုဘဝ လုံခြုံရေး အထောက်အကူပြုစေရန်နှင့် သတင်းမီဒီယာ သမားများအနေဖြင့် စတုတ္ထမဏ္ဍိုင် ဖွံ့ဖြိုးရေးအတွက် လိုအပ်လျက်ရှိသော ကျင့်ဝတ်နှင့် လျော်ညီ သည့် သတင်းမီဒီယာအရင်းအမြစ်များ အရည်အသွေးမြှင့် ဆောင်ရက်နိုင်ရန်၊ ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန(Community Centre)သို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ပြည့်စုံနှင့် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီဝင်များက သတင်းမီဒီယာ ဥပဒေစာအုပ်(၁၇)အုပ်နှင့် သတင်းမီဒီယာသမားများ အသုံးပြုရန်အတွက် ဦးထုပ်(၂၅)လုံးကို လာရောက်လှူဒါန်းခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ခရိုင် ဦးစီးအရာရှိ ဒေါ်စန္ဒာမိုးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။