အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးအနေဖြင့် လက်ရှိ အခြေအနေတွင် ကူးစက်မှုနှုန်း မြင့်မားနေသည့် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ အန္တရာယ် အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဆေးရုံကြီးတွင် လက်ရှိကုသပေးနေသောရောဂါ လက္ခဏာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာခင်စိုးမိုးဝင်းနှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ-
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီ အချိန်ထိ၊ ကိုဗစ်-၁၉ရောဂါ သံသယဖြင့် လာရောက်အစစ်ဆေးခံသူများနှင့် သီးသန့် Quarantine ဝင်ရောက်နေသူ များအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၈)ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
Jul 13,2021
ကော့သောင်းမြို့၊ အမှတ်(၂)စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်မှုရှိစေရေးနှင့် လူနာများအောက်စီဂျင်အရေးပေါ်လိုအပ်လာပါက အဆင်ပြေ လွယ်ကူစွာ ထုတ်ယူအသုံးချနိုင်ရန် ဆောင်ရွက်မည့် အခြေအနေများအား ကော့သောင်းမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင် ဖြစ်ပွားချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများကို ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပုလဲပြည်သူ့ ဆေးရုံ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသက်ဇင်အောင်ထံမှ သိရ သည်။
Jul 13,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ကိုဗစ်−၁၉ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ညနေ(၃)နာရီတွင် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ လေးဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် Covid-19 ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီသို့ Test Kit နှင့် ကုတင်များ လှူဒါန်းခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSSရုံး၌ ယနေ့နံနက်(၁၁)နာရီအချိန် လှူဒါန်းခဲ့ကြောင်း သိရသည်။
Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် အလှူငွေကျပ်(၁)သိန်း လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။