အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပသည်။
Jul 08,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် နမ့်လစ်ကျေးရွာအုပ်စု ၊ ခါနာန်ကျေးရွာနေ အမျိုးသား ၁ ဦးနှင့် ဝမ်ပိန်းကျေးရွာအုပ်စု ၊ ပန်လင်းဆိုင် ကျေးရွာနေ အမျိုးသမီး ၁ ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂ ဦးသည် ယမန်နေ့ ညပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
Jul 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး‌ ကော်မတီ မှ မြို့နယ်အတွင်း ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Jul 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ပေါ်၌ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေကြသည့် ပြည်သူများ အနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (mask)များ တပ်ဆင် သွားလာမှု ရှိ/မရှိ ကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းစိုးနှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီဝင်များက ယနေ့ နံနက်ပိုင်းတွင် မြို့တွင်းသို့ လိုက်လံလှည့်လည်စစ်ဆေးခဲ့သည်။
Jul 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွာငံမြို့ မြို့မစျေးအတွင်းတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ နှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများတို့က ဈေးဝယ်နှင့်ဈေးသည်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း ရောင်းဝယ်ကြရန် အသိပညာပေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 08,2021
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ငါန်းမြာကျေးရွာနေ အမျိုးသမီး နှစ်ဦးသည် နေမကောင်းသဖြင့် ယမန်နေ့ နံနက် ၁၁နာရီအချိန်က ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံ၌ လာရောက်ပြသ၍ (RDT)ဖြင့် စစ်ဆေးရာ ၎င်းတို့(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ​ကြောင်း သိရသည်။
Jul 08,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အစားအသောက် ပြုလုပ်ရောင်းချ သည့်ဆိုင်များ အားလုံး (Take away)ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန်၊ စင်တင်တေးဂီတဖြင့် ဖျော်ဖြေခြင်းနှင့်အခန်းတွင်း ကာရာအိုကေဖြင့် အပန်းဖြေအနားယူခြင်း အစီအစဉ် များအား မပြုလုပ်ရေး လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။