COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများသုံးစွဲရန် သံဖြူဇရပ်တွင် အလှူငွေ ကျပ်သိန်း (၆၀) ပေးအပ်လှူဒါန်း

သံဖြူဇရပ် မတ် ၂၆

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် သုံးစွဲနိုင်ရန်အတွက် သံဖြူဇရပ် မြို့နယ်၏ ပြည်သူပူးပေါင်းပါဝင်သည့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီထံသို့ အလှူငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ကျင်းပရာ သံဖြူဇရပ်မြို့နယ်အသင်း (ရန်ကုန်)မှ အလှူငွေကျပ် (၁၀)သိန်းကို မြို့နယ်အမှုဆောင်အဖွဲ့မှလည်းကောင်း၊ သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက် နေ၊ ချမ်းမွန်စက်သုံးဆီ အရောင်းဆိုင်ရှင် ဦးကံထွန်း+ဒေါ်အေးရှိန်မှ ကျပ်သိန်း(၅၀)ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး မြို့နယ်ကော်မတီအဖွဲ့ထံ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

အေးအေးသီ(သံဖြူဇရပ်)