နာဂဒေသလေရှီးမြို့၌ မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

လေရှီး    ဇူလိုင်  ၂၀

 

စစကိုင်းတိုင်းဒေသကြီးနာဂ ကိုပိုင်အုပ်ချုပ်ခွင့်ရ ဒေသလေရှီး​မြို့တွင် မြို့နယ်လုံးဆိုင်ရာဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြုဗဟိုကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရား ကန်တော့၍အခမ်းအနား ဖွင့်လှစ်ပြီးဗဟို ကျောင်းတိုက်လက်ထောက် ဆရာတော်ဘဒ္ဒန္တအဂ္ဂဒဇထံမှ ငါးပါးသီလဆောက်တည်ခံယူခြင်း၊ မေတ္တာသုတ် ပရိတ်တရားတော်နာကြား ပကာဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့်ဌာနဆိုင်ရာအကြီးအကဲများက​ လေရှီး​မြို့နယ်အတွင်းရှိ သံဃာ​တော် (၂၂)ပါး၊ သီလရှင်(၃)-ပါးစုစုပေါင်း (၂၅)ပါးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ဆက်ကပ် လှူဒါန်းခဲ့ပြီးလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာဗုဒ္ဓ သာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ ဆုတောင်း​မေတ္တာပို့သ ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

 

ဆိုင်းသား