အမြို့မြို့အနယ်နယ်သတင်းများ

Aug 02,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) အား အသက်(၆၅)နှစ်အထက် ဘိုးဘွားများကို အောင်လံမြို့နယ် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁၂)နာရီခွဲအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 02,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား  ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီမှစတင်ကာ မြို့နယ်အတွင်းရှိ စုရပ်(၅)ခုတွင် လူမျိုးဘာသာမရွေး ထိုးနှံပေးနေပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ထံမှ သိရသည်။
Aug 02,2021
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများ ရေကြီးမှု ဖြစ်ပွားခဲ့ပြီး ယခုအခါ သောင်ရင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ် အောက်သို့ရောက်ရှိကာ မြစ်ရေပြန်လည်ကျဆင်းသွားသည့်အတွက် ရေကြီးမှုတွင်တင်ကျန်ခဲ့သည့် အမှိုက်နှင့် ရွှံ့နွံများအား ဖယ်ရှား ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 02,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင်ပြတ် လပ်မှု မရှိစေရန် မြို့မမြို့ဖများ၏ ဦးဆောင်မှုဖြင့် အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီအချိန်က စက်ရုံတည်ဆောက်မည့် မိတ္ထီလာ-မြင်းခြံကားလမ်း အရှေ့ဖက် လယ်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၈ဝ /၂ဝ၆၇ )၊ ဦးပိုင်အမှတ်( ၃၁/၁) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည် ။
Aug 02,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီမှ စတင်၍ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊ မြမာလာခန်းမတွင် ထိုးနှံပေးခဲ့သည်။
Aug 02,2021
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယ‌နေ့နံနက် ၉ နာရီမှစ၍ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ စတင်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
Aug 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ သဘာဝဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် အလှူငွေနှင့် အထောက်အကူပြုပစ္စည်းများကို အလှူရှင်များက ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။