အမြို့မြို့အနယ်နယ်သတင်းများ

Aug 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံဝန်ထမ်းများနှင့် အသင်းအဖွဲ့အစည်းများအား ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်ခန်းမနှင့် အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမတို့၌ ဆက်လက်ထိုးနှံပေးသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ စုရပ် ၄ နေရာခွဲကာ ထိုးနှံပေးခဲ့သည်။
Aug 02,2021
စစ်ကိုင်းတိုင်းဒေကြီး၊ ဖောင်းပြင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းမခွင်ချောင်းနှင့် ခြင်္သေ့ချောင်းတို့တွင် ယမန်နေ့က ရေအလုံးအရင်းကြီးမြှင့်ခဲ့ရာ ချောင်းတစ်လျှောက်ရှိ ကျေးရွာချင်း ဆက် တံတား (၁၀)စင်း ပျက်စီးခဲ့ပြီး လူ၊ လူနေအဆောက်အဦများနှင့် တိရစ္ဆာန်များထိခိုက် ဆုံးရှုံးမှု မရှိကြောင်းနှင့် ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးသီးနှံများ ရေနစ်ဆုံးရှုံးမှုရှိမရှိ စိစစ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Aug 02,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် မိုးများအဆက်မပြတ်ရွာသွန်းလာမှုကြောင့် သံလွင်မြစ်‌ရေ စိုးရိမ်ရေအမှတ်(၉၈၀)စင်တီမီတာမှ (၁၀၂၀)စင်တီမီတာသို့ရောက်ရှိပြီး ရေကြီးရေလျှံမှုကြောင့် ရွှေဂွန်းကျေးရွာ မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များသို့‌ရေများ ၀င်‌ရောက်လာမှု‌ကြောင့် ရေကြီးနစ်မြုပ်နေသော အိမ်ထောင်စုများအတွက် ကရင်ပြည်နယ်၀န်ကြီးချုပ်က ထောက်ပံ့ပေးအပ်သောစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ယနေ့နေ့လယ်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးဦး၀င်းသန်းနှင့် တာ၀န်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Aug 02,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နေ သည့်ကာလအတွင်း၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရပ်တည်ရန်ခက်ခဲ‌‌သည့် အသက်(၇၀) နှစ်အထက်ဘိုးဘွားများအား စားသုံးကုန်ပစ္စည်းများ အိမ်အရောက်လိုက်လံထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ စေတနာရှင်အလှူရှင်များစုပေါင်း၍ လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။