အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် နိုင်ငံတော်မှ မြို့နယ်အတွက်ရရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံး(၂၁၅၀)ဖြင့် ရဟန်း သံဃာသာသနာ့ဝန်ထမ်းများ၊ အခြားဘာသာရေးခေါင်းဆောင်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ အပါအဝင် မြို့နေပြည်သူ များအားထိုးနှံပေးလျက်ရှိရာ ခရိုင် ပြည်သူ့ကျန်းမာရေးဌာန၏ သြဂုတ်လ ၄ ရက်နေ့စာရင်းအရ (၁၅၈၂)ဦးအား ထိုးနှံ့ပေးပြီးဖြစ်ကာ ယနေ့သြဂုတ်လ ၅ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 05,2021
ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လတာ ကာလအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ အရပ်ရပ် အခွင့်အရေးလိုင်စင်များအား သက်တမ်းတိုးစနစ်ဖြင့် ရောင်းချပွဲကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 05,2021
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့ညနေပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေး စခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 05,2021
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် အသက်(၆၅) နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား ယနေ့နံနက်၉ နာရီအချိန်မှ စတင်ကာ မြို့သစ်အမှတ်(၃)ရပ်ကွက် အထက ၃၀  တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Aug 05,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့ပေါ်/ရပ်ကွက်များသို့ Hand Speaker  ဖြင့် လှည့်လည်၍  ပြည်သူများထံ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 05,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  လိုက်နာရမည့် အချက်များအား ပြည်သူများ သိရှိနိုင်စေရန်အတွက် (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Aug 05,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအ အတွက် ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှစတင်၍  မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်၍ ဆောင်ရွက်ခဲ့သည်။
Aug 05,2021
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင်ရပ်ကွက်များအတွင်းရှိရေမြောင်းများတွင်ရေစီးရေ လာကောင်းမွန်ပြီးလမ်းများ ပေါ်တွင် မိုးရေလျှံမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် Box Culvert တံတားများ ဆောက်လုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။