Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းတောင်းမြို့နယ်တွင် ရောဂါပြန့်ပွားမှုမရှိစေရေး အရှိုချင်း၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Aug 05,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့တွင် ရောဂါပြန့်ပွားမှုမရှိစေရေး အရှိုချင်း၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ၄ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အရှိုချင်းတိုင်းရင်းသားများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ အလှူငွေများ ထောက်ပံ့ပေးအပ်
Aug 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉အသက်ရှူ လမ်း ကြောင်းဆိုင်ရာရောဂါသည် လက်ရှိတွင်ကူးစက်မှုနှုန်းမြင့်တက်နေသဖြင့် ကူးစက်ပျံ့နှံ့မှုမှကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ အလှုငွေထောက်ပံ့ပေးအပ်ပွဲတစ်ရပ်ကို ယနေ့ နံနက်၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမအတွင်း ပြုလုပ်ရာ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှဒုတပ်ခွဲမှူးအောင်ကျော်ကျော်နှင့် စေတနာ့ ဝန်ထမ်းများ (ကိုယ်စား)ချောင်းကြီးရပ်ကွက်-သုခရွှေရီကျန်းမာရေးအထောက်အကူပြုအသင်းမှဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေး နှင့်တားဆီးကာကွယ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့်…
Aug 05,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကိုကြိုတင် တားဆီးကာကွယ်နိုင်ရေးအတွက် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ကျန်းမာရေးအသိပညာပေးအနေဖြင့် ရမ်းဗြဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ မှ ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီအချိန်က ရမ်းဗြဲမြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ပြီး အသံချဲ့စက်ဖြင့်အသိပညာပေး နှိုးဆော်ပေးခဲ့ကြပါသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ အရိပ်ရ နှင်းသီး(ခ)ကြောင်မျက်လုံးသီးများ လှိုင်လှိုင်ပေါ်၍ မိသားစု အပိုဝင်ငွေရရှိ
Aug 05,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တိုရှိ ဒေသခံတိုင်းရင်းသားများ၏ နေအိမ်ဝင်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် ရာသီပေါ် နှင်းသီး(ခ)ကြောင်မျက်လုံးသီးများ လှိုင်လှိုင် ထွက်ရှိကာ ခူးဆွတ်ရောင်းချရာ မိသားစု အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိ
Aug 05,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနှိုး ဆော်ခြင်းများကို ယာယီပျံကျဈေး (မြို့မ အားကစားကွင်း ) အနီးတွင် နေ့စဉ် နံနက် ၆ နာရီမှ နံနက် ၉ နာရီအထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ် ဆေးဆက်လက်ထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 05,2021
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီမှကြီးမှူး၍မင်းလှမြို့နယ်တွင် တရုတ်နိုင်ငံထုတ်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းဆောင်ရွက်
Aug 05,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့် ပွားမှုမဖြစ်ပေါ်စေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန် ရည် ရွယ်၍ မီးသတ်ဦးစီးဌာနနှင့် ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ကရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်ကာကွယ်ရေးအသိ ပညာပေးနှိုးဆော်ခြင်းနှင့်ကိုဗစ်ကာကွယ်ဆေး (Sinophram)
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ကြေညာချက်များ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်
Aug 05,2021
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါပြင်းထန်စွာ မရှိစေရေးနှင့် မျိုးရိုးဗီဇပြောင်းလဲနေသော ရောဂါပိုးများ ကူးစက်ပြန့်ပွားခြင်းမရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်(၄)ရပ်ကွက်၌ ကမ်းဟောက်လမ်းမအတိုင်း အသံချဲ့စက်ဖြင့်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25844
Page
25845
Page
25846
Page
25847
Current page
25848
Page
25849
Page
25850
Page
25851
Page
25852
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department