Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးအဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်…
Aug 12,2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးအဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရာတွင် ကိုဗစ်-၁၉ရောဂါ ပထမလှိုင်းဖြစ်ပွားချိန် ၂၀၂၀ခုနှစ် မတ်လပိုင်းမှစတင်၍ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလ ယနေ့အချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် မြို့စည်ပင် သာယာရေးအဖွဲ့ပေါင်း (၅၄)ဖွဲ့ဖွဲ့ရှိကာ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးပေါင်း (၉၃)ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူ/ဈေးလာရောက် ဝယ်ယူသူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း ၊ လက်ဆေးရန်နေရာ (ဘေစင်) များ (၂၃၅)ခုထားရှိပြီး လက်ဆေးပြီးမှသာ ဝင်ရောက် စေရေး လုပ်ငန်းများအား နေ့စဉ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ဈေးရောင်းသူ ဈေးဝယ်သူများ Mask | Faces shield များ တပ်ဆင်ပြီးမှသာ ဈေးရောင်းဈေးဝယ်စေရေးအတွက် Hand Speaker Sound Box (၁၇၈)ခုတွင် အသံသွင်း၍ အမြဲမပြတ်ဆော်ဩလျက်ရှိကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ မှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ Stay at Home စည်းကမ်းချက်အား မလိုက်နာသော ပြည်သူများကို စစ်ဆေးအရေးယူ
Aug 12,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားသည့်ကာလ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာနိုင်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့အဝင် ဆက်သွယ်ရေးရုံး အနီးတွင် စုရပ်ပြုလုပ်၍ Stay at Home စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာခြင်းမရှိသော ပြည်သူများကို ကြပ်မတ်စစ်ဆေး အရေးယူခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေး
Aug 12,2021
မကွေးမြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ စုရပ်အသီးသီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 12,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်အထိ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဒေသဖွံဖြိုးရေးအား တိုင်းဒေသကြီးဝန်ကြီးချုပ်…
Aug 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင်အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မကျန်ရှိစေရန် တွံတေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များမှ စနစ်တကျ စာရင်းပြုစုပြီး ယနေ့နံနက် ၁၁ နာရီကကျန်းမာရေးဦးစီးဌာအစည်းအဝေးခန်းမတွင် ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများသိရှိလိုက်နာဆောင် ရွက်ရမည့် အချက်များအား ကျေးရွာအရောက် အသိပညာပေးနှိုးဆော်
Aug 12,2021
မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ထန်းတပင် ၊ ရှားတော၊ သရက်တော ကျေးရွာများသို့ လှည့်လည် ၍ ယနေ့ နံနက်ပိုင်း က အ သံချဲ့စက်ဖြင့် အသိပညာပေး နှိုဆော်ခဲ့ကြပြီး အ ကြောင်းအမျိုးကြောင်း နေအိမ်ပြင်ပသို့ သွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစီး Mask များစနစ်တကျတပ်ဆင်ရေးအသိပညာပေးခြင်းနှင့် Maskများ အခမဲ့ဖြန့်ဝေခြင်း များကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်မှု သင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး
Aug 12,2021
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်မှုအား ကောင်းလာသည်နှင့်အမျှ ပါဝင်ဆောင်ရွက်သူများအနေဖြင့် ကိုဗစ်-၁၉ ကို စနစ်တကျဖြင့် တုံ့ပြန် ဆောင်ရွက်နိုင်ရေး ယနေ့နံနက် ၉ နာရီတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်မှုသင်တန်းဖွင့်လှစ် ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေး
Aug 12,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ကာကွယ်ဆေးများ ထိုးနှံပေးခြင်း လုပ်ငန်းကို ဇူလိုင်လ ၃၁ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ အထက(မတ္တရာ) အောင်ဆန်းခန်းမနှင့် ကျေးရွာစုရပ်များတွင် ယနေ့နံနက်၉နာရီအချိန်မှ စတင်၍ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25774
Page
25775
Page
25776
Page
25777
Current page
25778
Page
25779
Page
25780
Page
25781
Page
25782
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department