အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  ပိုးတွေ့ရှိခဲ့သည့်   လူနာများ နှင့်  ထိတွေ့ခဲ့သူ များ ၊   ဖျားနာ ၊ ချောင်းဆိုး၊ အ သက် ရှုကြပ် ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား  ယမန်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက် မှ (၄) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။  
Aug 13,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်  ကျန်ရှိသည့် ဆရာတော်၊ သံဃာတော်၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများနှင့်စက်ရုံ၊ အလုပ်ရုံမှဝန်ထမ်းများ၊   ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ယမန်နေ့ နံနက်(၉)နာရီက လုပ်အားကြေးမုံခန်းမနှင့် ဒါးရဲကောင်းတိုက်နယ် ကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် စုရပ်အဖြစ် သတ်မှတ်၍ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Aug 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ သြဂုတ်လ ၁၂ ရက်နေ့ ၊နံနက် ၉နာရီမှစ၍ နေ့လည်၂ နာရီအထိရွှေဘိုမြို့ဝင် စစ်ဆေးရေးဂိတ်၌ COVID -19 ရောဂါကာကွယ်ရေးအတွက် RTD ဖြင့် ကုန်တင်ယာဥ်ကြီး ၁ စင်းမှ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်၂  ဦးတို့အား စစ်ဆေးခဲ့ရာ COVID-19 ပိုးတွေ့ ရှိသူ မရှိပါကြောင်းနှင့် ပြည်သူ့ဆေးရုံတွင် အနံ့မရသဖြင့် လာရောက်ပြသ သည့် သံသယလူနာ ၅ ဦးအား စစ်ဆေးရာ ၅ ဦးလုံးတွင် COVID -19 ရောဂါပိုးတွေ့ရှိခဲ့သည်။ ထို့အပြင်  မိမိတို့အစီအစဥ်ဖြင့် စစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိ၍ ဆေးရုံသို့ လာရောက်ပြသူ ၂ ဦး၊စုစုပေါင်း ၇ ဦးတို့တွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။
Aug 13,2021
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အသံချဲ့စက်ဖြင့် နှိုးဆော် အသိပညာပေးခြင်း လုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ယမန်နေ့ ညနေပိုင်းတွင်  မြို့အတွင်း လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 13,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ လာရောက်၍ (RDT) ဖြင့် ယမန်နေ့ ညနေ ၃နာရီအချိန်တွင် လာရောက်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
Aug 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်မှ စတင်၍ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ နောင်ချိုမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း နေထိုင်ကြသော မိဘပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Aug 13,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုအား အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ်ထိန်းချုပ်ရေး အတွက် အသွားအလာကန့်သတ် ရှောင်တခင်စစ်ဆေးမှုကို မိုးကောင်းတံတားထိပ်၊ ပြည်ထောင်စုလမ်းမမီးပွိုင့်လမ်းဆုံနှင့် သံလွင်လမ်းထောင့် လမ်းဆုံတို့၌ ဩဂုတ်လ(၁၂)ရက်နေ့ ညနေ (၃)နာရီမှ (၄)နာရီခွဲထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 13,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကူညီဆောင်ရွက် ပေးနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်(PNG Development Youth Organization) အသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုထူးလွင် အားတွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်။