အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လက်ရှိ ဖြစ်ပွားလျက် ရှိသော ကိုဗစ်-၁၉ ရောဂါ အခြေအနေများနှင့် မိမိတို့ကိုယ်တိုင် သော်လည်းကောင်း မိမိတို့ပတ်၀န်းကျင်ရှိ ပြည်သူများထံတွင်သော်လည်းကောင်း နေမကောင်းလျှင်ဖြစ်စေ၊ ချောင်းဆိုးလျှင် ဖြစ်စေ၊ အနံ့အရသာမရလျှင်ဖြစ်စေ၊ မိမိကိုယ်မိမိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည်ဟု သံသယ ဖြစ်လျှင်ဖြစ်စေ အောက်ပါ နေရာများတွင် စစ်ဆေးနိုင်ကြရန် အသိပေး ကြေညာထားကြောင်း သိရသည်။
Aug 13,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်  ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၀၃)ဦးထိ ရှိပြီး ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဦးသတ်ဦးစီးဌာနတို့ပူးပေါင်း၍  ဖာပွန်မြို့ပေါ်ရပ်ကွက်များတွင် သွားရောက် လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
Aug 13,2021
ကူးစက်မှုမြင့်တက်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစားအသောက်ရောင်းချသည့်ဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပါဆယ်စနစ်ဖြင့် ရောင်းချမှုရှိမရှိ ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Aug 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ကြက်ခြေနီအသင်း၏ ကူညီဆောင်ရွက်မှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဩဂုတ် ၁၃ ရက်က အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
Aug 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လျက်ရှိသဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ပပျောက်ရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ပင်းတယမြို့ပေါ် ငှက်ပျောတောရပ်ကွက်ရှိ ယာယီပျံကျဈေး၊ ပြည်တော်သာရပ်ကွက်နှင့် ဈေးတန်းရပ်ကွက်တို့တွင် ယနေ့မနက်ပိုင်းက အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။
Aug 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၀၀ ဖြင့် ရေရရှိရေးလုပ်ငန်းဆောင်ရွက်မှုအပေါ် တတိယအရစ်အဖြစ် ရန်ပုံငွေ ၂၅ ရာခိုင်နှုန်း ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
Aug 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူလူနာ (၁၀) ဦး ထပ်တိုးတွေ့ရှိပြီး ပိုးတွေ့လူနာ(၈)ဦးမှာ ဆေးရုံမှ ထပ်မံဆင်းခွင့်ရရှိကြောင်း သိရသည်။