နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ( ၁၀ )ဦးထပ်မံတွေ့ရှိ

နွားထိုးကြီး  ဩဂုတ်  ၁၃    

 

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ လာရောက်၍ (RDT) ဖြင့် ယမန်နေ့ ညနေ ၃နာရီအချိန်တွင် လာရောက်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၁၀)ဦးတို့သည် အမှတ်(၃)ရပ်ကွက်မှ (၁)ဦး၊ အမှတ်(၅)ရပ်ကွက်မှ (၂)ဦး၊ပဲချက် ကျေး ရွာမှ(၂)ဦး၊ဝက်လူးကျေးရွာမှ (၂)ဦး၊ ကံနှောင်း ကျေးရွာမှ (၁)ဦး၊အင်ချောင်း ကျေးရွာမှ (၁)ဦး၊ရွာသစ် ကျေးရွာမှ (၁)ဦး  တို့ နေမကောင်း ပြီးအနံ့ ပျောက် နေသဖြင့် နွားထိုးကြီး မြို့ ၊ပြည်သူ့ ဆေးရုံတွင် (RDT ) ဖြင့်စစ်ဆေး  ရာ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ ရှိသဖြင့် နွားထိုးကြီးမြို့၊ ပြည်သူ့ ဆေးရုံအထူးကုသဆောင်၊အောင်သဇင်  Q Center နှင့် မြို့နယ် အားကစား ခန်းမ၊ ရွာကြီး ကျေးရွာ အ.ထ.က၊ကဒေါင်းကျေးရွာအ.ထ.က နှင့်နေအိမ်တွင်းသီး သန့် ထားရှိ၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။ နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံတွင် ရောဂါပျောက်ကင်းသဖြင့်ဆေးရုံမှ ဆင်းခွင့် ရသူ(၁၃၅၅)ဦး၊ ဆေးရုံတက်ကုသ သူ(၁၇၃၃) ဦး၊ သေဆုံးသူ (၂၉)ဦးရှိကြောင်း သိရသည်။ 

                  

သန်းအောင်ဇော်