Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ယင်းမာပင်မြို့နယ်တွင် ပျိုးသက်နုကောက်ကွက်ကျဲ(SRI) နည်းစနစ်ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုး
Aug 13,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စံပြကွက် အား စပါးအစမ်းဖွင့်စိုက်နည်းစနစ် (SRI) ဖြင့် စိုက်ပျိုးခြင်းကို ယနေ့နံနက် ( ၉ ) နာရီ အချိန်က ကွင်းအမှတ် ၈၆၈ (ခ) ငါးမောင်းကျေးရွာ တောင်သူဦးနေအောင်၏စိုက်ကွင်းတွင် စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Aug 13,2021
မကွေးတိုင်းဒေသကြဦး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ် ပန်းတောကျေးရွာနှင့် ရွှေဘိုကျေးရွာချင်းဆက်လမ်းရှိ လိမ်ပင်ရိုးတံတားချင်းကပ်နံရံ ပြိုကျ ပျက်စီး
Aug 13,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဆူးတပ်ကြီးအုပ်စု ပန်းတောကျေးရွာနှင့် ရွှေဘိုကျေးရွာ ကျေးရွာချင်းဆက် လမ်းပေါ်ရှိ လိမ်ပင်ရိုးတံတား အလျား ၂၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၇ ပေ ရှိသော ကွန်ကရစ်တံတားသည် သြဂုတ်လ ၁၂ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ချောင်းရေများ ကျကာ ယနေ့ နံနက် ၁ နာရီအချိန်က ချင်းကပ်တံတားနံရံ ပြိုကျကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ရေကျော်နေမှု ပြန်လည် လျော့နည်းကျဆင်းလာ
Aug 13,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာအချက်အရ တမံရေပြည့်မှတ် ၃၄၀ အထက် ရေပိုလွှဲမှ ရေကျော်နေမှု ပြန်လည်လျော့နည်းကျဆင်းလာကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော Stay at Home ညွှန်ကြားချက်များအား လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး…
Aug 13,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု များလာ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော Stay at Home အမိန့်ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှုရှိ/မရှိကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ယနေ့ နံနက်ပိုင်းက မြို့အဝင်/အထွက် ဂိတ်များနှင့် မြို့တွင်းလှည့်လည်၍ မြို့တွင်းလမ်းဆုံလမ်းခွများတွင် ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်
Aug 13,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍ အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ကျေးရွာများအရောက် လိုက်လံနှိုးဆော်
Aug 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် ကျေးရွာများအရောက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အသံချဲ့စက်ဖြင့် လှည့်လည်နှိ…
Aug 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအရောက်အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25770
Page
25771
Page
25772
Page
25773
Current page
25774
Page
25775
Page
25776
Page
25777
Page
25778
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department