ရွှေဘို သြဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ သြဂုတ်လ ၁၂ ရက်နေ့ ၊နံနက် ၉နာရီမှစ၍ နေ့လည်၂ နာရီအထိရွှေဘိုမြို့ဝင် စစ်ဆေးရေးဂိတ်၌ COVID -19 ရောဂါကာကွယ်ရေးအတွက် RTD ဖြင့် ကုန်တင်ယာဥ်ကြီး ၁ စင်းမှ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်၂ ဦးတို့အား စစ်ဆေးခဲ့ရာ COVID-19 ပိုးတွေ့ ရှိသူ မရှိပါကြောင်းနှင့် ပြည်သူ့ဆေးရုံတွင် အနံ့မရသဖြင့် လာရောက်ပြသ သည့် သံသယလူနာ ၅ ဦးအား စစ်ဆေးရာ ၅ ဦးလုံးတွင် COVID -19 ရောဂါပိုးတွေ့ရှိခဲ့သည်။ ထို့အပြင် မိမိတို့အစီအစဥ်ဖြင့် စစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိ၍ ဆေးရုံသို့ လာရောက်ပြသူ ၂ ဦး၊စုစုပေါင်း ၇ ဦးတို့တွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။
အဆိုပါ COVID -19 ပိုးတွေ့ရှိသူများမှာ ရွှေဘိုမြို့၊ အမှတ် ၅ရပ်ကွက်ဆေးရုံဝင်းမှ အမျိုးသမီး ၁ ဦး၊ အမှတ် ၂ ရပ်ကွက်မှ အမျိုးသား ၁ ဦး၊ ကျောက်မြောင်းမြို့ အမှတ်၃ ရပ်ကွက်မှ အမျိုးသမီး ၂ ဦး၊ အမှတ် ၁၀ ရပ်ကွက် မြတောင်ရပ်မှ အမျိုးသား ၁ ဦး၊ အမှတ် ၇ ရပ်ကွက် ချီပါစုမှ အမျိုးသမီး ၁ ဦး၊ အမှတ် ၁၀ သူဇာရပ်မှ အမျိုးသား ၁ ဦး တို့ဖြစ်ပြီး ၎င်းတို့ အား Isolation-2 ICU တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ အထိ COVID-19ရောဂါပိုးတွေ့ရှိလူနာ ၃၄၅ ဦး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ၂၄၈ ဦး၊ သေဆုံးသူ ၃၀ ဦး၊ သူနာပြုသင်တန်းကျောင်းတွင် ကုသဆဲ ၂၈ ဦး၊ ရွှေဘိုရဲစခန်းသီးခြားထောင်တွင် ၃ ဦး ၊ ICU တွင် ၃၆ ဦးထားရှိပြီး ၎င်းတို့အား စောင့်ကြည့်ကုသလျှက်ရှိပါကြောင်း မြို့နယ် ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ခရိုင်ပြန်/ဆက်