တိုက်ကြီးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဖြင့် ရောင်းချပေး

တိုက်ကြီး စက်တင်ဘာ ၁၃

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း စားဝတ်နေရေး အထောက်အကူဖြစ်စေရန်နှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရန် ရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် အခြေခံစားသောက်ကုန်များကို ဈေးကားများဖြင့် ဈေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချ ပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်မှစ၍ တိုက်ကြီးမြို့နယ် ဈေးရပ်ကွက်၊ မြို့လယ်လမ်း၊ မြို့မဈေးနှင့် ပိတောက်ဝါရှေ့တို့တွင် အမဲသား တစ်ပိဿာလျှင် ငွေကျပ် (၁၂၀၀၀) နှုန်းဖြင့် ( ၁၅) ပိဿာ၊ ဆိတ်သား အရိုး အသား တစ်ပိဿာလျှင် ငွေကျပ် (၁၂၀၀၀)နှုန်း၊ အသားရှယ် တစ်ပိဿာလျှင် ငွေကျပ် (၁၇၀၀၀) နှုန်းဖြင့် (၅၅) ပိဿာအား  ရောင်းချ ပေးခဲ့ပြီး နံနက် ၉ နာရီခွဲ အချိန်မှစ၍ ဆန်ချော ၅ ပြည် တစ်အိတ်လျှင် ငွေကျပ် (၈၅၀၀) ကျပ်နှုန်းဖြင့် (၂၅၀) အိတ်၊ ဆန်ကြမ်း ၅ ပြည် တစ်အိတ်လျှင် (၅၀၀၀) နှုန်းဖြင့် (၂၅၀) အိတ် ၊ ဆီ ၅၀ သား တစ်ဘူးလျှင် ငွေကျပ် (၁၈၅၀) နှုန်းဖြင့် (၃၂၀) ဘူး၊ ကြက်ဉ ၁၀ လုံးပါ တစ်ကတ်လျှင် (၁၂၀၀) နှုန်းဖြင့် (၁၄၅) ကတ် ရောင်းချပေးခဲ့သည်။

အဆိုပါ စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စနစ်တကျ ဝယ်ယူရောင်းချနိုင်စေရေး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ အဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် ဝန်ထမ်းများ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင် များက ပူးပေါင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စန်းကလျာခိုင်