ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၈၆) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၂၃၈၉)ဦးရှိ

ကယား စက်တင်ဘာ ၂၁

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexper ဖြင့် (၁)ဦး စစ်ဆေးခဲ့ရာ တစ်ဦးပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၂၀)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ (၃၈၅) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၈၅) ဦးပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၈၆)ဦးမှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁၄) ဦး၊ သူနာပြုသင်တန်းကျောင်းတွင် (၃၄)ဦး ၊ တပ်မတော်ဆေးရုံတွင်(၄)ဦး၊ ဘောလခဲဆေးရုံတွင် (၃)ဦး၊ မယ်စဲ့ဆေးရုံတွင် (၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၃၀)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၈၆) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၃၀၅၇) ဦးရှိပြီး ဆေးရုံဆင်း လူနာ(၂၃၈၉)ဦး ရှိကြောင်းနှင့် ယနေ့တွင် သေဆုံးလူနာ လွိုင်ကော်မြို့နယ်တွင်(၁)ဦး ၊ ဒီးမော့ဆိုမြို့နယ်တွင် (၁)ဦး ရှိပြီး စုစုပေါင်းသေဆုံးလူနာ(၁၁၇)ရှိပြီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၂၈) ဦး၊ Positive Medical Centre များတွင် (၁၆၃)ဦး၊ ဘောလခဲမြို့နယ်တွင် (၄၀)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၉၃)ဦး၊ တပ်မ‌တော်ဆေးရုံတွင် (၈)ဦး၊ မယ်စဲ့မြို့နယ်တွင် (၁၁၉)ဦး၊ စုစုပေါင်း (၅၅၁) ဦးအား ကုသ ပေးလျက်ရှိကြောင်း ကယားပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)