Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စက်မှုဇုံပြင်ပ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ခြောက်ရက်မြောက်နေ့ ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် စက်မှုဇုံပြင်ပအလုပ်သမားများအား ပထမအကြိမ် (ခြောက်ရက်မြောက်နေ့)အဖြစ် ယနေ့ နံနက် ၉ နာရီမှ စ၍ ဆမားဒူးဝါးရပ်ကွက်ရှိ ငြိမ်းချမ်းရေးဓမ္မာရုံ နှင့် အ-မ-က(၇) မူလတန်းလွန်ကျောင်းတို့တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ချက်များ အရှိန်အဟုန်မြှင့် လိုက်လံကြေညာပေး
Sep 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်၁၉-ရောဂါဆိုးကြီးသည်လျှင်မြန်စွာ ကူးစက်ပျံ့ပွားလျက်ရှိပြီး နေ့စဉ်ရောဂါ ကူးစက်မှုများဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြား ချက်များ အား ယမန်နေ့ ညနေ(၅)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ရှမ်းဘာသာ စကားဖြင့် နှိုးဆော်ဆောင် ရွက်လျက်ရှိ
Sep 21,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ရှမ်းဘာသာစကားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်အတွင်း၌ အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်တွင် အသက်( ၅၅) နှစ်အထက်ရှိသူများနှင့် ဦးစားပေးအုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကျေးလက်ကျန်းမာရေးဌာန(၂)ခု၌ဆက်လက်ထိ…
Sep 21,2021
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အသက်( ၅၅ )နှစ်အထက် ရှိသူများနှင့် ဦးစားပေးအုပ်စုတွင် ပါ ဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုကျေးလက်ကျန်းမာရေးဌာန(၂)ခု ဖြစ်သောရဲကျွန်း၊တောထူ ကျေးလက်ကျန်းမာရေးဌာနတို့၌ ယနေ့နံနက်၁၀နာရီမှ ညနေ၃နာရီထိဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပင်စင်စား သက်ကြီးဘိုးဘွားများအား ပင်စင်လစာငွေများ ထုတ်ပေးနေ
Sep 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပင်စင်စား သက်ကြီး ဘိုးဘွား မိဘပြည်သူများအတွက် ပင်စင်လစာငွေများကို မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၆ နာရီခွဲအချိန်မှ စတင်၍ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့၌အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိ
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးမထိုးသေးသည့် သံယာတော်များ၊ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့်မကူးစက်နိုင်သည့် ရောဂါရှိသူများအားပထမအကြိမ်(Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်၉နာရီမှစတင်၍ ကျောက်တလုံးကြီးမြို့(အ.ထ.က)၌ထိုးနှံပေးခြင်းကိုဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျေးရွာအုပ်စုများရှိ အသက်(၅၅)နှစ် နှင့် အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ…
Sep 21,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျေးရွာအုပ်စုများရှိ အသက်(၅၅)နှစ် နှင့် အထက် ပြည်သူများအား ပထမ အကြိမ် အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီမှစတင်ကာ ကျေးရွာအုပ်စု အသီးသီးရှိ စုရပ်များတွင် ကာကွယ်ဆေးစတင်ထိုးနှံ ပေး နေပြီဖြစ်ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ကျေးရွာ(၁၅)ရွာတွင် ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Sep 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရန် ဘဏ္ဍာရေး နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဩဂုတ် လနောက်ဆုံးပတ်က (၁၀၀)ရာခိုင်နှုန်းပြည့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25467
Page
25468
Page
25469
Page
25470
Current page
25471
Page
25472
Page
25473
Page
25474
Page
25475
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department