Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြင်ဦးလွင်မြို့နယ်အတွင်း Stay at Home သတ်မှတ်ကာလများအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး…
Sep 21,2021
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဉီးလွင်မြို့နယ်အတွင်း Stay at Home သတ်မှတ်ကာလများ အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး နှင့် ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ယနေ့နံနက် ( ၈ ) နာရီ မှ စတင်ပြီး ဈေးလေး ( သုမင်္ဂလာဈေး ) မီးပွိုင့် လမ်းဆုံတွင် သွားလာနေသော ဒေသခံပြည်သူများ ၊ ယာဉ်များ နှင် လူပုဂ္ဂိုလ်များ ကျန်းမာရေး ဆိုင်ရာ ထောက်ခံချက်များနှင့် အိမ်အပြင်ထွက်ခွင့်ကဒ်ပြားများယူဆောင်လာရခြင်း ရှိ/ မရှိ တာဝန် ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိသည် ။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး နမ္မတူမြို့နယ်၊ နမ့်ပါလေကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေး
Sep 21,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် နမ့်ပါလေကျေးရွာ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ အထကကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ်(ပထမ)အကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေးနှင့်ကူးစက် ပြန့်ပွားမှု အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၅၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်းသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေး
Sep 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကို စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ လျှော့ပါးသက်သာလာစေရန် အသိပညာပေးနှိုးဆော်မှုများပြုလုပ်
Sep 21,2021
မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလျှော့ပါး သက်သာလာစေရန်၊ အကောင်းဆုံကာကွယ်ဖို့ နည်းလမ်းများ သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဘူတာကုန်းရပ်ကွက်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လောက်ကိုင်မြို့နယ်၌ ကိုဗစ်ရောဂါကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေကျပ် (၁၀)သိန်းစီ ထောက်ပံ့
Sep 21,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် (ရမခ)တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးတို့ ဦးဆောင်သော အဖွဲ့ဝင်(၁၃)ဦးတို့သည် ယနေ့ နံနက် (၈)နာရီတွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နှစ်နိုင်ငံ နယ်စပ်ဝင်/ထွက်ဂိတ်ဖြစ်သော ရန်လုံကျိုင်းတံတား တည်ရှိရာနေရာသို့ လည်းကောင်း၊ BP-125အနီး နှစ်နိုင်ငံ ယာယီနယ်စပ်ဂိတ် ဖွင့်လှစ်မည့်နေရာသို့လည်းကောင်း၊ Quarantine Centre သို့ လည်းကောင်း လောက်ကိုင်ခရိုင် ပြည်သူ့ဆေးရုံနှင့် မိုးလုံလေလုံ အားကစားကွင်း၊ ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိ ပရိပတ္တိသီလရှင်ကျောင်းတိုက်တွင် သီလရှင်များ ဆေးကုသ ဆောင်သို့ လည်းကောင်း ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိ
Sep 21,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်စွန်ဆည်ရေလှောင်တ မံသည် ယနေ့နံနက်ပိုင်း တွင် ရေပြည့်အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိ ပညာပေးနှိုးဆော်
Sep 21,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိ ပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25468
Page
25469
Page
25470
Page
25471
Current page
25472
Page
25473
Page
25474
Page
25475
Page
25476
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department