နတ်မောက် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့် ပ-လက္ခုပ္ပင် ကျေးရွာရှိပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစစ်ဆေးရေး ကတ်များ အခမဲ့ပြု လုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ပ-လက္ခုပ္ပင်ကျေးရွာသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ ၆(က)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်သူ ကျား(၄)ဦး၊ မ(၂)ဦး၊ နိုင်ငံသားစိစစ်ရေးကတ် လဲလှယ်သူ ကျား(၁၃)ဦး၊ မ(၁၈)ဦး စုစုပေါင်း (၃၇)ဦး ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နိုင်ငံသားစစ်ဆေးရေးကတ်များ ဆောင်ရွက်ပေးခြင်းကို လက်ရှိဒေသ၌ အမြဲနေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသူများ၊ လက်ရှိဒေသို့ တခြားဒေသမှ ပြောင်းရွှေ့နေထိုင်သူများတွင် မူလဒေသ၌ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအနက် မူလဒေသတွင်လည်း မရှိသေးသူများအား ဥပဒေနှင့်အညီ ဖြေလျှော့မှုများဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သင်းသင်းမြတ်