မင်္ဂလာဒုံမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး (Talk Show) စာအုပ်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်ကျင်းပ

မင်္ဂလာဒုံ နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ အထိမ်းအမှတ် အသိပညာပေး (Talk Show) စာအုပ်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို မင်္ဂလာဒုံမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီကပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ Talk Show ကျင်းပပြုလုပ်ရာတွင် မင်္ဂလာဒုံမြို့နယ် အ.ထ.က(၁)မှ မူလတန်းအတန်းမှူး ဆရာမ ဒေါ်နီနီအောင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သန္တာမြင့်မြင့်ကျော်တို့က အမျိုးသားနေ့နှင့် ပတ်သတ်သော သိကောင်းစရာများ၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်၍ အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားခဲ့ပုံ အစရှိသည် တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ထို့ပြင်ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားနေ့နှင့် ပတ်သက်သော စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ပြီး အမျိုးသားနေ့နှင့် သက်ဆိုင်သော ကဗျာရွတ်ဆို ပြိုင်ပွဲများကိုလည်း ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။

မျိုးသန့်(မင်္ဂလာဒုံ)