အိမ်မဲ နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ၊အိမ်မဲမြို့နယ် အ-မ-က မြို့မ (၁)ကျောင်းတွင် (၁၀၁)နှစ်မြောက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလွှမ်းသီဟက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ နိုင်ငံတော်ကို အကျိုးပြုမည့် ကျောင်းသား/ကျောင်းသူများ ဖြစ်လာစေရေးနှင့် ကိုလိုနီပညာရေးစနစ် မလိုလား၍ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာပုံအကြောင်းအစရှိသည့် သိကောင်းစရာများကို အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူ (၂၄)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့်ကျောင်းသား/ သူများကို မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ)