တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် ရင်သားကင်ဆာ မဖြစ်ပွားစေရန် စားသင့်သော အစားအစာများ သိကောင်းစရာများအား တင်ဆက်ပေး

တပ်ကုန်း နိုဝင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ရပ်ကွက်/ကျေးရွာ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်း သူများအတွက် အသိပညာဗဟုသုတတိုးပွားစေရန် Online မှတစ်ဆင့် အသိပညာ ပေးအစီအစဉ်များကိုရိုက်ကူး၍ တပ်ကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် တင်ဆက်ဆောင်ရွက်ပေးလျက် ရှိသည်။

အဆိုပါဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများအတွက် အသိ ပညာဗဟုသုတ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာ ရွတ်ခြင်း၊ စိုက်ပျိုးရေး၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်း၊ အိမ်တွင်းလက်မှုပညာ စသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် တင်ဆက်ပေး လျက်ရှိရာ ယနေ့တွင် ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၂၂)ပါ စာရေးသူ လင်းလင်းမော် ရေးသားထားသည့် ရင်သားကင်ဆာ မဖြစ်ပွားစေရန်စားသင့်သော အစားအစာ များ သိကောင်းစရာများအား တင်ဆက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်