မှော်ဘီမြို့နယ်၌ အသက် ၁၇ နှစ်အောက် အခြေခံဘောလုံး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မှော်ဘီ နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက် ၁၇ နှစ်အောက် အခြေခံဘောလုံးသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မှော်ဘီမြို့နယ် အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်မှ အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်) ဦးဝင်းစိုးမှ ဘောလုံးသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားကာ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေး အပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် အခြေခံဘောလုံးဆွဲခြင်း၊ ဘောလုံးပေးပို့ခြင်း၊ ဘောလုံးထိန်းသိမ်းခြင်းများနှင့် ဘောလုံးအားကစားဆိုင်ရာ နည်းစနစ်များကို အောက်တိုဘာလ ၂၉ မှ နိုဝင်ဘာ ၁၉ အထိ မြို့နယ် ဘောလုံးအားကစားကွင်းတွင် သင်တန်းနည်းပြ (၃)ဦးဖြင့် သင်ကြားပို့ချပြီး သင်တန်းသား (၄၅)ဦးတို့ တက်ရောက်သင်ယူကြကြောင်း သိရသည်။

ကောင်းမြတ်သူ