အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2021
တနင်္သတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် ၀န်ထမ်းများက ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် သဗျာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် အသက် ၁၂ နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား(ဒုတိယအကြိမ်) ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀နာရီခန့်က မေတ္တာမြို့ အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် ကျေးရွာ(၄)ရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲရေးအစီအစဉ် (AVIP) သင်တန်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သည်။
Nov 22,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အလယ်တန်း၊ အထက်တန်း အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီမှ စတင်၍ထိုးနှံပေးလျက် ရှိသည်။
Nov 22,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (အောင်ပန်း) လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ် (၁) သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက အောင်ပန်းမြို့ စက်မှုလက်မှုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Nov 22,2021
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ (၃)နာရီအချိန် က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ စစ်ကိုင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ကြသည်။
Nov 22,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများ၏ (ပင်စင်)လစာငွေများအား ယနေ့နံနက် ၈နာရီမှစတင်ကာ ကိုဗစ်− ၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိသည်။