ဘူးသီးတောင် နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အလယ်တန်း၊ အထက်တန်း အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီမှ စတင်၍ထိုးနှံပေးလျက် ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံမှုကို ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးမြတ်မင်းမိုးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြပြီး အားပေးစကား ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်ဌာနအဆင့်ဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဉီးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဉီးမောင်တင်အောင်နှင့် ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူများအား သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျကူညီဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးကာ မိနစ်(၃၀)ခန့်အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၌ အထက (၅) ကျောင်း၊အထက ခွဲ (၈)ကျောင်း၊ အလက (၃)ကျောင်း၊ အလက ခွဲ (၁၇)ကျောင်း၊ မူလွန် (၈၁)ကျောင်း စုစုပေါင်း ( ၁၁၄)ကျောင်းရှိကြောင်းရှိပြီး အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား (ပထမအကြိမ်) ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ (၇၅၀၄)ဉီးရှိကာ အဆိုပါ ကာကွယ်ဆေးထိုးနှံပြီစီးသူများအား စုရပ် (၁၈)ခုထားရှိကာ (ဒုတိယအကြိမ်) သတ်မှတ်စုရပ်များ၌ နံနက် ၉နာရီမှ နေ့လည် ၁၂နာရီထိ လည်းကောင်း၊ နေ့လည် ၁နာရီမှ ညနေ ၄နာရီထိလည်းကောင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှကျော်