Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အမ်းမြို့နယ်တွင် စာပေဗဟုသုတများကို ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန် စာဖတ်ဝိုင်းကျင်းပ
Nov 22,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျေင်းသူများအား စာကြည့်တိုက်သို့ လာရောက်ပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရန်၊ ဉာဏ်ရည်ထက်မြတ်ပြီး စာပေဗဟုသုတများကို ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို လူထုအခြေပြု ဗဟိုဌာနခန်း၌ ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ကျင်ပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို မြို့ပေါ်ဆေးထိုးစုရပ်နေရာဖြစ်သည့် မြို့တော်ခန်းတွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့နယ်တွင် ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် Contact Person (၁၂)ဦးအား Test Kit စစ်ဆေး
Nov 22,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ်ပြည်တွင် ကိုဗစ်-၁၉ ရောဂါ Positive လူနာနှင့် ထိတွေ့ခဲ့သည့် Contact Person (၁၃)ဦးအား ယမန်နေ့တွင် Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ Positive (၄)ဦး ထပ်မံတွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Nov 22,2021
ရှမ်းပြည်နယ်( မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက် များသို့ သွားရောက်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ
Nov 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်၌ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့နယ်၊ မိုင်တဲကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း သတ္တမအကြိမ်ရန်ပုံငွေထုတ်ပေး
Nov 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အရင်းမပျောက်မတည် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင် စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိုင်တဲကျေးရွာတွင် သတ္တမအကြိမ် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ် ၅၃၅၃၅၀၀၀/-ကို ယနေ့ နံနက် ၉ နာရီ အချိန်က ငါးယှန်ကျေးရွာအုပ်စု၊ မိုင်တဲကျေးရွာမြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဥက္ကဋ္ဌ နေအိမ်တွင် ကိုဗစ်-၁၉ကာလ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ချေးငွေထုတ်ချေး ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးမြို့ လူထုအခြေပြု (Community Centre)ခန်းမတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျ…
Nov 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ် စာစောင် ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကျောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်ကြိုးများနှင့် မလွတ်ကင်းသည် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
Nov 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ 66kV သာကေတ-ဒဂုံတောင် ဓာတ်အားလိုင်းနှင့် 33kV ဒဂုံအရှေ့-ကညန ဓာတ်အားလိုင်း ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ပြည်သူများ ဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ရည်ရွယ်၍ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်လျှပ်စစ်ရုံးက ဦးဆောင်၍ ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24228
Page
24229
Page
24230
Page
24231
Current page
24232
Page
24233
Page
24234
Page
24235
Page
24236
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department