လေးမျက်နှာမြို့နယ်  စိုက်ပျိူးရေးဦးစီးဌာနမှ  ၂၀၂၁-၂၀၂၂ခုနှစ်  ဆောင်းသီးနှံ  ပိုက်ဆံလျှော် စံပြကွက်  မျိူးစေ့ထုတ်တောင်သူနည်းပညာပေး  ကွင်းဆင်းသရုပ်ပြပွဲကျင်းပ

လေးမျက်နှာ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သုံးဆက်ကျေးရွာအုပ်စု သခွားကုန်းကျေးရွာတွင်  ယနေ့နံနက်ပိုင်းက  ၂၀၂၁-၂၀၂၂ခုနှစ်  ဆောင်းသီးနှံ ပိုက်ဆံလျှော် မျိူးစေ့ထုတ်စံပြကွက်စိုက်ပျိူးခြင်း တောင်သူနည်းပညာပေးကွင်းသရုပ်ပြပွဲ  ကျင်းပပြုလုပ် ခဲ့သည်။

လေးမျက်နှာမြို့နယ်  စိုက်ပျိူးရေးဦးစီးဌာနအနေဖြင့်  မြို့နယ်အတွင်းရှိ  တောင်သူလယ်သမား များ၏  လူမှု့ဘဝတိုးတက်မြှင့်မားစေရန်၊  စိုက်ပျိူး‌ရေးလုပ်ငန်းမှ  ဝင်ငွေများတိုးပွား ရရှိစေရန် ရည်ရွယ်၍  စိုက်ပျိူးမြေများတွင်  နည်ပညာများ ပံ့ပိုးကူညီလျက်ရှိပြီး  သုံးဆက်ကျေးရွာအုပ်စု၊  သခွားကုန်းကျေးရွာရှိ  တောင်သူဦးသန်းထိုက်  ကွင်းအမှတ်(၁၂၀၅)၊  ဦးပိုင်အမှတ်(၄၃) လယ်မြေတွင်  ၂၀၂၁-၂၀၂၂ခုနှစ်  ဆောင်းသီးနှံပိုက်ဆံလျှော်  မျိူးစေ့ထုတ်စံပြကွက်  စိုက်ပျိူးခြင်း  တောင်သူနည်းပညာပေးကွင်းသရုပ်ပြပွဲ  ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကွင်းသရုပ်ပြပွဲသို့  လေးမျက်နှာမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊  မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေနှင့် ဝန်ထမ်းများ၊  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်  စာရင်အင်းဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးဦးစိုးနိုင်နှင့်  ကျေးရွာအုပ်စုအတွင်းရှိ  တောင်သူများတက်ရောက်ခဲ့သည်။

ကျော်ဟိန်း