အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2021
ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရပ်နားထားသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)က ယမန်နေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ကျင်းပခဲ့သည်။
Nov 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အင်းတော်လေးအင်းအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းတော် မြို့နယ် အင်းလုပ်သားများမှ စုပေါင်း၍ ငါးမျိုးများ စိုက်ထည့်ခဲ့ကြောင်း သိရသည်။
Nov 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ပန်းချီဆွဲပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
Nov 22,2021
ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ ဒေသအဆင့်ရုံး (ပင်းတယမြို့)၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက်ပိုင်းက "(၁၀၁) နှစ်​မြောက် အမျိုးသား​​အောင်ပွဲနေ့အထိမ်းအမှတ်" အဖြစ် စာရေးဆရာ လွင်သူဦး ရေးသားသည့် "တိုင်းပြည်တည်​ဆောက်ခြင်းအနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့​ကြောင်း သိရသည်။
Nov 22,2021
သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန် ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက နေ့ချင်းပြီးထုတ်ပေး လျက်ရှိကြောင်း သိရသည်။
Nov 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ မွန်ကဲဘုန်းတော်ကြီးကျောင်းနှင့် ပါကန်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက အခမဲ့သွားရောက် စစ်ဆေးပေးခဲ့သည်။
Nov 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။