အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့ အထက (အင်္ဂပူ) ဆေးထိုးစုရပ်တွင် ယနေ့နံနက် ၉နာရီက စတင်ပြီးအသက် (၁၂) အထက် ကျောင်းသား၊ကျောင်သူများ အား ကိုဗစ်ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်းသိရသည်။
Nov 16,2021
မြန်မာသက္ကရစ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ယမန်နေ့ ညနေ ၃ နာရီက နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိ လိုက်နာနိုင်ရေး Hand Speakerဖြင့် အသိပညာပေးနှိုးဆော်မှုကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် မြို့မ(၃)ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ သန့်ရှင်းသာယာ‌လှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းကာ သန့်ရှင်းရေး‌ဆောင်ရွက်ခြင်းကို ပင်လုံရပ်ကွက်၊ ရပ်ကွက်၊ မန်းကျောင်းလမ်းနှင့်မန်းကျောင်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တရားမဝင်ဆေးဝါးများနှင့် ကုန်စည်များ ရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက စည်ပင်သာယာမြို့မစျေးနှင့် မြို့ပေါ် ရပ်ကွက်များရှိ ဆေးဝါးအရောင်းဆိုင်များ၊ စားသောက်ကုန်ဆိုင်များကို ပူးပေါင်းအဖွဲ့များနှင့် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကညင်ငူကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း ခွဲတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိမည့် ၁၀၁ နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲအား ယနေ့နံနက် ၉ နာရီကပြုလုပ်ခဲ့သည်။
Nov 16,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ပြည်သူလူထုများအား ကိုဗစ်ရောဂါကာကွယ်ဆေးကို နိုင်ငံတော် အစီအစဉ်ဖြင့် ဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလကုန်တွင် မြို့နေလူဦးရေ၏(၅၀) ရာခိုင်နှုန်းအား ကိုဗစ်ရောဂါကာကွယ်ဆေးကို အသက်(၁၈)နှစ်ပြည့်ပြီးသူ မည်သူမဆို အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
Nov 16,2021
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ကျရောက်မည့် (၃၂)နှစ်မြောက် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) မူလတန်းကြိုကျောင်း စမ်းသီတာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။