အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ကျက်သရေဆောင်ရှေးဟောင်း သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ရှေးစဉ်လာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သာ မသိုးသင်္ကန်းပြိုင်ရက် ပူဇော်ပွဲအား ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှု အခြေအနေ များကြောင့် ကျင်းပနိုင်ခြင်းမရှိသော်လည်း ယခုနှစ်တွင်(၁၂၆)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ပွဲကိုရက်ကန်းစင် ခြောက်စင်ဖြင့် မသိုးသင်္ကန်းရက် လုပ်ပူဇော်ခြင်းကို ယမန်နေ နေလည်၁နာရီခွဲက အဆိုပါရင်ပြင်တော်ပေါ်ရှိ ဒေါ်ပု၊ ချစ်တီးတန်ဆောင်း၌ ကျင်းပခဲ့ ကြောင်းသိရသည်။
Nov 18,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို မြို့နယ် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားတွင် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးလာရောက်ကြသူ ပြည်သူများအေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း တွေ့ရသည်။
Nov 18,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့၌ မြို့လုံးကျွတ် စုပေါင်း မဟာ ဘုံကထိန်ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်ရှိ ဓမ္မလင်္ကာရကျောင်းဆောင်၌ ကျင်းပ ခဲ့သည်။
Nov 18,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့ နယ်တွင်(၃၃)ကြိမ်မြောက်မြို့ နယ်စုပေါင်းမဟာဘုံကထိန်ဆပ်ကပ်လှူဒါန်းပွဲကိုယနေ့ နံနက်ပိုင်းတွင်မြို့နယ် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
Nov 18,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်ဒေသတွင် ယခုနှစ် မိုးရွာသွန်းမှုကောင်းသဖြင့်၊ မိုးနှောင်းကာလဖြစ်သည့် ဩဂုတ်လ စတုတ္ထပတ်တွင် စတင်စိုက်ပျိုးခဲ့သော ဒေသအခေါ် ဆောင်ခရမ်းချဉ်ပင်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင် သဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း ဗြူကြီးကျေးရွာ တောင်သူ တစ်ဦးထံမှ သိရသည်။
Nov 18,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်ပြည့် ဘုရားကြီး၌ ယနေ့နံနက်ပိုင်းမှစတင်ကာ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ သည်။ကျိုက်မရောမြို့ဆုတောင်းပြည့်ဘုရားကြီးတွင် နံနက်စောစောပိုင်း၌ မသိုးသင်္ကန်းဆက်က ပ်လှူဒါန်းသူများ၊ဥပုသ်သီလဆောက်တည်ကြသူများ၊အပန်းဖြေအနားယူကြသူများနှင့်အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
Nov 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သံသယာအေးစေတီတော်မြတ်ကြီး၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ နံနက်ပိုင်းက သံသယာအေးစေတီ တော် မြတ်ကြီး၏ ရင်ပြင်တော်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။