ထူပါရုံစေတီတော်မြတ်ကြီးနှင့် စတုမုခဇေယျာသိဒ္ဒိစေတီတော်မြတ်တို့တွင် တန်ဆောင်တိုင် ရုံးပိတ်ရက်၌ လျှပ်စစ်ရောင်စုံမီးများ ဖြင့် မီးထွန်းပူဇော်ရာ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

လေးမျက်နှာ     နိုဝင်ဘာ    ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ထူပါရုံစေတီတော်မြတ်ကြီးနှင့်  စတုမုခဇေယျာသိဒ္ဒိစေတီတော် မြတ်တို့၌ တန်ဆောင်တိုင်ရုံးပိတ်ရက် ယမန်နေ့ ညနေ နာရီ အချိန်တွင် လျှပ်စစ်ရောင်စုံမီးများ၊  ဆီမီးများဖြင့်  မီးထွန်းပူဇော်ရာတွင်  ဘုရားဖူးလာပြည်သူများဖြင့်  စည်ကားလျက်ရှိပြီး  တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှစ၍ လပြည့်ကျော် ()ရက်နေ့အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်းလေးမျက်နှာ (ပြန် / ဆက်)