ထန်းတပင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၂၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် အသက်အရွယ် ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း သတ်မှတ်စုရပ်ကျောင်းများအလိုက် ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ(၂၁)ရက်နေ့က အ.လ.က(ခွဲ) မရွှေဥနှင့် အ.လ.က(ခွဲ) (သရက်ခြံ)ကျောင်းတို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား၊ သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံမှုများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်လျက်ရှိသလို ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးရာ တွင်လည်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး လမ်းညွှန်းချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရပြီး အ.လ.က(ခွဲ) မရွှေဥနှင့် အ.လ.က (ခွဲ) (သရက်ခြံ) ကျောင်းတို့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ(၅၆)ဦးထိ ရှိကြောင်းလည်း သိရသည်။

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်း သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ထန်းတပင်မြို့နယ်အတွင်း နိုဝင်ဘာလ(၁၅)ရက်နေ့မှ စတင်၍ ထိုးနှံပေးခြင်းဖြစ်ကာ နိုဝင်ဘာလ(၁၅)ရက်နေ့ စုရပ်(၈) နေရာတို့တွင် အခြေခံပညာကျောင်း (၁၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၃၉၆)ဦး၊ နိုဝင်ဘာလ(၁၆)ရက် နေ့စုရပ်(၁၁)နေရာတို့တွင် အခြေခံပညာကျောင်း (၁၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၉၄၄)ဦး၊ နိုဝင်ဘာလ(၁၇)ရက်နေ့ စုရပ်(၃)နေရာတို့တွင် အခြေခံပညာကျောင်း(၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၅၂)ဦး၊ နိုဝင်ဘာလ(၁၉)ရက်နေ့ စုရပ်(၅)နေရာတို့တွင် အခြေခံပညာကျောင်း(၁၀) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၆၈၅)ဦးနှင့် နိုဝင်ဘာလ(၂၁)ရက်နေ့တွင် စုရပ်နေရာ(၂)နေရာ တို့တွင် ကျောင်းသား၊ ကျောင်းသူ(၅၆)ဦးတို့ ကာကွယ်ဆေးထိုးနှံခဲ့ကြပြီး နိုဝင်ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ(၂၁)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄၃၃)ဦးတို့ ကာကွယ်ဆေးထိုးနှံခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)