ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေးပြန်လည်ကောင်းမွန်သဖြင့် ကွမ်းစိုက်သူများ အဆင်ပြေလျက်ရှိ

ကျောက်ဆည် နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ယခုအခါ ကွမ်းရွက်ဈေးများ ပြန်လည်ကောင်းမွန်သဖြင့် ကွမ်းစိုက်တောင်သူများသည် အဆင်ပြေလျက်ရှိကြောင်း သံရွာကျေးရွာမှ ကွမ်စိုက်တောင်သူ များထံမှ သိရှိရ သည်။

ကွမ်းရွက်ရောင်းဈေးသည် ယခင်လများက ကွမ်းရွက်တစ်ပိဿာ (၂၃၀၀) ကျပ်မှ (၃၀၀၀)ကျပ် အတွင်း ရောင်းချရပြီးယခုအခါ (၃၅၀၀) ကျပ်မှ(၄၂၀၀)ကျပ်အထိ ဈေးနှုန်းပြန်လည်ကောင်းမွန်လာကြောင်း “အရင်က ကွမ်းစိုက်တောင်သူတွေ များတယ်။ ကွမ်းစိုက်မယ်ဆို အရင်းကြီးတယ် ကွမ်းခြံကောင်းပြီ သင့်တင့်တဲ့ ဈေးနဲ့ရောင်းရရင်တော့ အမြတ်လည်းများတယ် စိုက်ပြီဆိုတာနဲ့ အလုပ်လည်းများတယ် နေ့စဉ်နေ့တိုင်း ကြည့်ပေးနေရတာ ဂရုစိုက်မှုနည်းတာနဲ့ အပင်ဖြစ်ထွန်းမှုနည်းပြီး  ကွမ်းရွက်လည်းမလှဘူး ရောင်ပန်းလည် မလှဘူး နှစ်ရှည်လည်း ကွမ်းရွက်ခူးမစားရ တော့ဘူးပေါ့။ အရင်နှစ်က ကွမ်းရွက်ဈေးမကောင်းတော့ ကွမ်းစိုက် သူတွေက ကွမ်းခြံကိုဂရုစိုက်မှုနည်းတော့ ကွမ်းခြံတော်တော်များ ပျက်ကုန်ကြတယ်  ဒီနှစ် အခုချိန် မှာတော့ ကွမ်းရွက်ဈေးက ပြန်လည်ကောင်းမွန်လာတော့ ကွမ်းခြံရှိသူတွေ ပြန်လည်အဆင်ပြေလာကြောင်း ငါးလုံကုန်းကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးမြင့်သောင်းက ပြောပြ၍သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ မှိုင်းပန်၊ ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုး ကျေးရွာများတွင် ကွမ်းအများဆုံး စိုက်ပျိုးကြကြောင်း မြို့နယ်လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)