ကမမောင်းမြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်များပြသ

ကမမောင်း နိုဝင်ဘာ ၂၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရန်အတွက် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အမျိုးသားနေ့ဆိုင်ရာ အသိပညာပေး ဓာတ်ပုံများ၊ စာစောင်များ ကို နံရံကပ်ပြဘုတ်ပြုလုပ်၍ ယမန်နေ့နံနက်ပိုင်းက ပြသခဲ့ကြောင်း သိရသည်။

ထိုသို့နံရံကပ်စာ‌စောင်ပြသထားရှိရာ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားရေး စိတ်ဓာတ် များအကြောင်းကို လည်းကောင်း၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များကို လည်းကောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များအကြောင်းကို လည်းကောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းတွင် ပါဝင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၏ မှတ်တမ်းဓာတ်ပုံများ ကိုလည်းကောင်း ပြသသည်။

ထို့ပြင် Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ တာဝန်တစ်ရပ် အနေဖြင့် ပြည်သူများ ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေး ပိုစတာများအား ပြသထားရှိကြောင်း သိရသည်။

ခင်စန်းမြင့် ပြန်/ဆက်