အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား အွန်လိုင်းမှတစ်ဆင့်သော်လည်းကောင်း၊ ပြည်သူထံသို့ တိုက်ရိုက်သော်လည်း ကောင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် နံရံကပ် စာစောင်ပြသခြင်း လုပ်ငန်းအား ယနေ့ နံနက် ၁၀ နာရီ အချိန်က ပင်လောင်းမြို့နယ်ပြည်သူ့စာကြည့်တိုက် မြေစိုက်ပြဘုတ်တွင် (၁၀၁)နှစ်  မြောက်အမျိုးသားအောင်ပွဲနေ့ ခေါင်းစဉ်ဖြင့် မြေစိုက်ပြဘုတ်တွင်  ပြသဆောင်ရွက်ခဲ့သည်။
Nov 23,2021
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အသိပညာပေး လုပ်ငန်းများကို အွန်လိုင်းမှတဆင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီတွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးမှုအစီအစဉ်ကို ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဆောင်ရွက်ခဲ့သည်။
Nov 23,2021
မွန်ပြည်နယ်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် ရေးမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ(Talk show)ကို ယနေ့နံနက် ၁၀ နာရီက ခေါဇာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (CommunityCentr) ခန်းမ၌ပြုလုပ်ခဲ့သည်။
Nov 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ယနေ့နံနက် (၉)နာရီအချိန်မှစ၍ မြို့နယ်ခန်းမ၌ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီက ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
Nov 23,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ သာစည်မြို့နယ်တွင် ပြည်သူ ၉၉၀ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက် ၉နာရီက မြို့နယ်စည်ပင်သာယာခန်းမ ဆေးထိုးစုရပ်နှင့် ဥသျှစ်ကုန်းကျေးရွာဆေးထိုးစုရပ်တို့တွင် ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့များက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက “၁၀၁”နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိ ပညာပေး Talk Showကို မအူပင်ခရိုင်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ၃နာရီက ကျင်းပခဲ့ကြောင်းသိရသည်။