Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မက်မန်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)လုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Nov 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)လုပ်ငန်းကို လုပ်ငန်းဆောင်ရွက်မည့် မက်မန်းမြို့နယ် ဆွတ်ဝိုးအုပ်စု ရောင်ပန်ကျေးရွာသို့ နိုဝင်ဘာလ ၂၆ ရက်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့မဈေးကြီးအား ပုံမှန်သတ်မှတ်ချိန်အတိုင်း ပြန်လည်ဖွင့် လှစ်ရောင်းချခွင့်ပေး
Nov 27,2021
မိတ္ထီလာမြို့ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသည့်ဈေးဆိုင်ခန်းများနှင့် ဈေးရောင်းချသူများ အား နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ပြီး ပုံမှန်သတ်မှတ်ချိန်ဖြစ်သော နံနက် ၆ နာရီ ၃ဝ မိနစ်အချိန်မှ ညနေ ၅ နာရီအချိန်အထိ ဖွင့်လှစ်ရောင်းချခွင့်ပေးထားကြောင်း အဆိုပါမြို့မဈေးရုံးမှ တာဝန်ရှိသူ ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ခိုလှုံနေကြသည့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္တအသုတ် ပထမအကြိမ်စတင်ထိုးနှံ
Nov 27,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းတို့တွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် (၁၀) နာရီက စတင်ထိုးနှံပေးသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ ဝါမျိုးယှဉ်ပြိုင်စိုက်ခင်း ကွင်းသရုပ် ပြပွဲ ကျင်းပ
Nov 27,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ဝါ မျိုးယှဉ်ပြိုင် စိုက်ခင်းကွင်းသရုပ် ပြပွဲကို ယမန်နေ့က သပြေပင် ကျေးရွာ ၊ ကွင်းအမှတ် ( ၄၄၄ ) ၊ ဦးပိုင်အမှတ် (၈၉)ရှိ တောင်သူ ဦးလှထွန်း၏ ယာမြေတွင် စိုက်ပျိုးထားသော စံပြစိုက်ခင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်တွင် ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်း
Nov 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြရာ စိုက်ပျိုးသည့်သီးနှံများ အောင်မြင် ဖြစ်ထွန်းလျက်ရှိသည်ကို တွေ့မြင်ရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ ၂၀၂၁−၂၀၂၂ခုနှစ် (၆)လဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်…
Nov 27,2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁−၂၀၂၂ခုနှစ် (၆)လဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီခွဲတွင် ဤဦးစီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့မဈေး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Nov 27,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့မနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းနှင့် ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့က မီးဘေး လုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ ကျင်းပ
Nov 27,2021
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ကဗျာပြိုင်ပွဲ နှင့် မူလတန်းအဆင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီ အချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23878
Page
23879
Page
23880
Page
23881
Current page
23882
Page
23883
Page
23884
Page
23885
Page
23886
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department