အမြို့မြို့အနယ်နယ်သတင်းများ

Nov 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု) ရေးသားသည့် ၂၁.၉.၂၀၂၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ပါရှိသည့် “သူငယ်ချင်းသို့”ကဗျာအား  စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 27,2021
 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့မ ရဲစခန်းအချုပ်တွင် အချုပ်ခံနေရသူများ အား ဥပဒေဆိုင်ရာအခွင့်အရေးများ ရရှိရေးအတွက် ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
Nov 27,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ် နေအိမ်ပြတိုက်အား ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်က မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Nov 27,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ၌ ယနေ့ နံနက် ၁၀ နာရီခန့်က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ကာလ အတွင်း ပြည်သူများအား ကျန်းမာရေးအကျိုးပြုနိုင်စေရေးအတွက် ရည်ရွယ်၍ ကိုယ်လက် လှုပ်ရှားအားကစားဆိုင်ရာ Talk Show ဆွေးနွေးပွဲကို Online မှတစ်ဆင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 27,2021
ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စက်မှု လက်မှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် သင်တန်းများသင်ကြားမှုကိုကြည့်ရှု အားပေးခဲ့ပြီး  လပွတ္တာခရိုင် ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်းသိရသည်။